ဤဘလော့တွင် တင်သမျှ posts များကို မှတ်မိသလောက်သာ credit ပေးထားနိုင်ပါသည်။စုဆောင်းထားတာအချိန်ကျန့်ကြာသွားသောကြောင့် မမှတ်မိတော့သောကြောင့် credit မပေးနိုင်သောပို့စ်များအတွက် မူရင်းပို့စ်ပိုင်ရှင်များကို အနူးအညွှန့်တောင်းပန်အပ်ပါသည်။

Thursday, May 2, 2013

ချစ်သောညီမလေးသိပါစေ...........













လွတ်လပ်စွာ နေထိုင်ခွင့်  ရှိပါတယ်
စည်းတော့  မကျော်စေနဲ့ ပေါ့ .............

ပွင့်လင်းစွာ ပြောဆိုခွင့်  ရှိပါတယ်
မရိုင်းစေနဲ့ ပေါ့ ............

ပိုင်ဆိုင်ထားတဲ့  အလှ
လူတကာ မြင်အောင်ပြချင်နေရင်တော့ 
မိန်းကလေးတွေရဲ့ တန်ဖိုး
ဘယ်သူတွေကို လက်ညိုးထိုးပြရမလဲ ...
ခုခေတ်ကြီးမှာပေါ့ ကွယ်.............

သနပ်ခါးကို ဘယ်ညာလိမ်း
ထမိန်ကို ထိုင်မသိမ်း ၀တ်စရာမလိုဘူး

မိန်းကလေးတွေရဲ့ အလှ
ပေါ်အောင်ပြမှ...........
ဒီနေ့ ခေတ်မှာ အဆင်ပြေမယ်ထင်တဲ့ စိတ်
လွှင့်ပစ်နိုင်ပါစေ.....

စကပ်တို ပေါင်ခွဲ
ယဉ်ကျေးမှု့တွေ ရှောင်လွှဲလို့ 
ဒီမိုကရေစီ စကားလုံးနဲ့  အပြိုင်
မိန်းမတို့  သိက္ခာတွေ မယိုင်ပါစေနဲ့ ကွယ်..............

စောင့်ထိန်းရမဲ့  သိက္ခာ..
လိုက်နာရမဲ့ ကျင့်ဝတ်
ကိုယ်တွေ လက်ထဲမှာ အဆင်သင့်မဖြစ်ခဲ့ ရင်
သားကောင်းမိခင်စကားလုံး အဆင်ပြေပြေ သုံးနိုင်မထင်ဘူး............

တွေ့ မြင်တုန်းခဏ
ဟာ ဟင် ဆိုတဲ့  အာမေဍိတ်သံ ကြားမှာ
ဂုဏ်ယူချင်တဲ့  စိတ်.......
တိတ်တဆိတ် ပယ်ဖျောက်နိုင်ပါစေ...........

ကျားတို့  သဘာဝ
တပ်မက်စိတ်ကလွဲရင်
တန်ဖိုးထားတဲ့  စိတ်ထား.........
တပြားသားမှ မရတဲ့  အလှ
ဘာလို့ များ ရချင်နေတာပါလိမ့် ...........

ယောက်ျားလေး တစ်ယောက်
ညနက်သန်းကောင်ထိ လမ်းပေါ်မှာရောက်နေသေးရင်
အိမ်ပြေးစကားလုံးထက် ပိုမရဘူး.........

မိန်းကလေး တစ်ယောက်
ညနက်သန်းကောင်ထိ လမ်းပေါ်မှာရောက်ရင်
ညကြေးတွေ ခွဲ
မကောင်းတဲ့  မိန်းမပဲလို့  တမ်း စွပ်စွဲကျဖို့  များတယ်............

ယောက်ျားလေး တစ်ယောက်
ပေါ်အောင်ပြတဲ့  အလှ
ဝိတ်မ တဲ့ ကာလ
ပင်ပင်ပန်းပန်းလုပ်ရတဲ့  တဒင်္ဂပဲရှိတယ်...............

မိန်းကလေးတစ်ယောက်
ပေါ်အောင်ပြတဲ့  အလှ
SEXY ကျတယ်ဆိုတဲ့  စကားလုံး ထက်ပိုမရဘူး.......

ဒီတော့ ညီမလေးရယ်....
ဘယ်နေရာ ဘယ်ဒေသကို သွားသွား
ညီအကို မောင်နှမ မျက်နှာလေးတွေ တော့  ပတ်ဝန်းကျင်မှာထားခွင့် ပြုနိုင်ပါစေ..........

ပြောင်းလဲလာတဲ့  ခေတ်ယဉ်ကျေးမှု့အရ
ပေါ်အောင်ပြရမှ ကျေနပ်နိုင်မယ်ဆိုရင်လည်း
သေချာတာ တခု သတိပြုနိုင်ပါစေကွယ်..............
ပေါပေါ လောလော ရတဲ့  အလှ
ဘယ်သူမှ ထာဝရ တန်ဖိုးမထားဘူးဆိုတာကိုပေါ့ ..............

မူးရင်း   (ပုံရိပ်စစ်)

0 comments:

Post a Comment

Final posts -40

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India