
ငါ့ဆီ ငါပြန်ရောက်ပါတော့မလား
မြေပုံကြမ်း ကြည့်ပြီး
လှမ်းလျှောက်နေရတာ......မောလှပြ
ငါ့ကို ယုံပါ၊၊
ငါဟာ....
လမ်းကူးရင်တောင်
မျဉ်းကြားက ဖြတ်ကူးတတ်တဲ့
ခွေးလေခွေးလွင့်တစ်ကောင်ပါ၊၊
ငါ.....မပစ်ခတ်ခဲ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွတ်ထွက်သွားတာပါ....
ငါ့ကို......ယုံပါ ၊၊
လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကပဲ တောင်းခဲ့သူပါ
ငါ့ကို ယုံပါ ၊၊
(ဖိနပ် မစီးထားတဲ့ ကလေးငယ်လိုပဲ.....
ဘယ်သူကမှ...
အိမ်ထဲဝင်ဖို့ ငါ့ကို မဖိတ်ချင်ကြဘူး....)
လက်တစ်ဖက်နဲ့
ခေါ်လို့မရတဲ့ ကောင်းကင်
လက်နှစ်ဖက်နဲ့လှမ်းခေါ်တော့လည်း
အရာမထင်ဘူး ၊၊
ငါ......တတ်တဲ့ မြေကြီးစကားနဲ့
ကောင်းကင်ကြီးကို နားလည်အောင်
ပြောမပြနိုင်ခဲ့ဘူးလေ.......၊၊ ၊၊


3:04 PM
nawfawsea
Posted in:
Myanmar Kyat Converter
0 comments:
Post a Comment